မိုးလေးဖွဲတုန်း

ဆို - ထွန်းအိန္ဒြာဗို၊ မျိူးကျော့မြိုင်
ရေး - မျိူးကျော့မြိုင်

မိုးလေးဖွဲတုန်း …..သတိရတယ်…..မြင်နေတယ်….ပြတင်းတံခါးဆီပဲ

သွားလို့မော့ကြည့်ပြောလိုက်ချိန်တစ်ကိုယ်ရေထဲမိုးစက်တွေအလယ်

သီချင်းလေးရေးမိ အလွမ်းသက်သေပိုတယ်လို့မပြောလိုက်ပါနဲ့

ဝေးပြီးတစ်နေ့ပြန်တွေ့ကြမယ်ယုံကြည်ထားမိုးစက်တွေရယ်

တစ်ချိန်ကသိတဲ့ပျော်မြူးခြင်းတွေပြန်ဝေနေသီချင်းရဲ့ရင်ထဲ

ဘယ်လောက်ပဲဝေးဝေးမင်းအနားမှာထိုင်ကာလေအမြဲရှိချင်တယ်

သီချင်းလေးရေးမိအလွမ်းသက်သေပိုတယ်လို့မပြောလိုက်ပါနဲ့

ဝေးပြီးတစ်နေ့ပြန်တွေ့ကြမယ်ယုံကြည်ထားမိုးစက်တွေရယ်

အပြုံးလေးများလိုမိုးစက်တွေရွာနေပါစေကိုယ့်ရဲ့နံဘေး

မတွေ့ရသေးခင်တို့တစ်ယောက်လေမပျော်နိုင်ဘူးမင်းကြောင့်ပါပဲ