ပျော်နေပါ

ဆို - ဂျူဝယ်၊ ကောင်းကောင်း
ရေး - ကိုစု

[Verse 1]

ဘာအတွက်ကြောင့်များငါ့ကိုဒဏ်ရာတွေနဲ့မင်းဘဝဆက်စေလဲ

ဒါဟာမင်းအချစ်ဆိုကိုယ်ခံယူပါမယ်

သူပျော်နေဖို့အရေးကြီးတာပါနာသူအတွက်လှည့်ကြည့်ဖို့မလိုပါ

လိုနေသမျှတွေဖြည့်စွမ်းဖို့ ကြိုးစားရင်း အဝေးကချစ်နေ

[Verse 2]

ငါအစွမ်းကုန်ချစ်ခဲ့တယ်ရင်ခုန်သံတိုင်းမင်းအတွက် ဖြစ်စေတယ်

မချစ်မှန်းသိတောင်….မငြိုငြင်ခဲ့

ဘယ်လိုလူနဲ့အစားထိုးမှာလဲဘယ်လိုချစ်ခြင်း မင်းအတွက် ပြည့်စုံမယ်

ချစ်နေမိတာမှားနေလဲလေ မပြင်တော့ဘူးချစ်သူ

[Chorus]

နာကျင်စရာသူပြောတဲ့စကားတွေ မနာနိုင်အောင် ကိုယ်ချစ်မိနေတော့

ပြန်မလာတောင်နောက်ဆုံးအပြုံးလေးနဲ့နှုတ်ဆက်ပေးပါ ကိုယ်ငိုချင်လို့

ငိုနေတောင် ကိုယ်ပြုံးပြပါ့မယ် ပျော်နေပါ ကိုယ်ချစ်တဲ့ငှက်ကလေး

အဆင်ပြေသွားအောင် ကိုယ့်ရဲ့အသည်းကို ခွဲပေးလိုက်ပါတယ်

[Verse 2][Chorus]

[End]

ဟူး…..အဆင်ပြေသွားအောင်

ကိုယ့်ရဲ့အသည်းကို ခွဲပေးလိုက်ပါတယ်