Lyrics

တစ်ရက်တော့ငိုပါ

တစ်ရက်တော့ငိုပါ ဆို – ဆောင်းဦးလှိုင်၊ မို့မို့ ရေး – ဆောင်းဦးလှိုင် ဆောင်းဦးလှိုင် မို့မို့ တစ်ရက်တော့ငိုပါ တစ်ရက်တော့ငိုပါ Playing Previous Song Play Pause Next Song / [Verse] မလွယ်ပေမယ့် ကိုယ်တစ်ယောက်တည်း ဝင်လာခဲ့တဲ့လောကကြီးမှာ ဒီအချိန်ကိုယ်တစ်ယောက်တည်း  အသည်းကွဲလို့ကျန်ခဲ့လည်း အချစ်ရာ ကမ္ဘာမှာနောက်နေ့သစ်တွေ လာမှာပဲ သဘာဝထဲ လွန်ဆန်ခွင့်မရှိတဲ့ နှုတ်ဆက်ရခြင်းတွေ ကြိုတင်မမြင်နိုင်တဲ့ အပြောင်းအလဲများ ကြုံတော့လည်းအချစ်ရာ မြင်လား [Chorus] ကမ္ဘာဟာ သူ့အချိန်တိုင်း သူလည်ပတ်ဦးမှာပါ ဆောင်းနွေမိုးတွေ မလွတ်တမ်းရောက်လာနေကျ တစ်ကယ်တို့ဝေးရင် တစ်ရက်တော့ငိုကွာ ကိုယ်စီအသက်ရှင်ရမယ် မပျော်လည်းတို့ဘဝတွေမှာ ကြုံမယ်တစ်နေ့တာ ဝတ္တရားများရှိတဲ့အချိန်မှာ တစ်ကယ်တို့ဝေးရင် တစ်ရက်ထဲ မင်းငိုပါ [Verse][Chorus][Chorus]

မိုးလေးဖွဲတုန်း

မိုးလေးဖွဲတုန်း ဆို – ထွန်းအိန္ဒြာဗို၊ မျိူးကျော့မြိုင် ရေး – မျိူးကျော့မြိုင် မိုးလေးဖွဲတုန်း …..သတိရတယ်…..မြင်နေတယ်….ပြတင်းတံခါးဆီပဲ သွားလို့မော့ကြည့်…ပြောလိုက်ချိန်…တစ်ကိုယ်ရေထဲ…မိုးစက်တွေအလယ် သီချင်းလေးရေးမိ …အလွမ်းသက်သေ…ပိုတယ်လို့…မပြောလိုက်ပါနဲ့ ဝေးပြီးတစ်နေ့ပြန်တွေ့ကြမယ်…ယုံကြည်ထားမိုးစက်တွေရယ် တစ်ချိန်ကသိတဲ့…ပျော်မြူးခြင်းတွေ…ပြန်ဝေနေ…သီချင်းရဲ့ရင်ထဲ ဘယ်လောက်ပဲဝေးဝေး…မင်းအနားမှာ…ထိုင်ကာလေအမြဲရှိချင်တယ် သီချင်းလေးရေးမိ…အလွမ်းသက်သေ…ပိုတယ်လို့…မပြောလိုက်ပါနဲ့ ဝေးပြီးတစ်နေ့ပြန်တွေ့ကြမယ်…ယုံကြည်ထားမိုးစက်တွေရယ် အပြုံးလေးများလို…မိုးစက်တွေ…ရွာနေပါစေ…ကိုယ့်ရဲ့နံဘေး မတွေ့ရသေးခင်…တို့တစ်ယောက်လေ…မပျော်နိုင်ဘူး…မင်းကြောင့်ပါပဲ

ပျော်နေပါ

ပျော်နေပါ ဆို – ဂျူဝယ်၊ ကောင်းကောင်း ရေး – ကိုစု [Verse 1] ဘာအတွက်ကြောင့်များငါ့ကို…ဒဏ်ရာတွေနဲ့မင်းဘဝဆက်စေလဲ ဒါဟာမင်းအချစ်ဆို… ကိုယ်ခံယူပါမယ်… သူပျော်နေဖို့အရေးကြီးတာပါ… နာသူအတွက်လှည့်ကြည့်ဖို့မလိုပါ လိုနေသမျှတွေဖြည့်စွမ်းဖို့ ကြိုးစားရင်း အဝေးကချစ်နေ [Verse 2] ငါအစွမ်းကုန်ချစ်ခဲ့တယ်…ရင်ခုန်သံတိုင်းမင်းအတွက် ဖြစ်စေတယ် မချစ်မှန်းသိတောင်….မငြိုငြင်ခဲ့… ဘယ်လိုလူနဲ့အစားထိုးမှာလဲ…ဘယ်လိုချစ်ခြင်း မင်းအတွက် ပြည့်စုံမယ် ချစ်နေမိတာမှားနေလဲလေ မပြင်တော့ဘူးချစ်သူ… [Chorus] နာကျင်စရာသူပြောတဲ့စကားတွေ မနာနိုင်အောင် ကိုယ်ချစ်မိနေတော့ ပြန်မလာတောင်နောက်ဆုံးအပြုံးလေးနဲ့နှုတ်ဆက်ပေးပါ ကိုယ်ငိုချင်လို့ ငိုနေတောင် ကိုယ်ပြုံးပြပါ့မယ် ပျော်နေပါ ကိုယ်ချစ်တဲ့ငှက်ကလေး အဆင်ပြေသွားအောင် ကိုယ့်ရဲ့အသည်းကို ခွဲပေးလိုက်ပါတယ် [Verse 2][Chorus] [End] ဟူး…..အဆင်ပြေသွားအောင် ကိုယ့်ရဲ့အသည်းကို ခွဲပေးလိုက်ပါတယ်

ခရီးအဆုံးထိ

ခရီးအဆုံးထိ ဆို – လေးဖြူ ရေး – လင်းလင်း [Verse] မင်းရဲ့အနမ်းတစ်ရှိုက်နဲ့ ငါ့ရဲ့ အနမ်းတစ်ရှိုက်နဲ့  ခံစားချက်တူညီ ရှိခဲ့တဲ့နောက် မင်းရဲ့အတွေးများနဲ့ ငါ့ရဲ့အတွေးများနဲ့ အနာဂတ်သစ် တူညီ ထားခဲ့တဲ့နောက်တော့ ခမ်းနားခြင်းကင်းမဲ့ အရိုးသားဆုံး ခရီးတစ်ခု ငါတို့နှစ်ယောက် ကိုယ်တိုင်ရွေးထားခဲ့ပြီး သဘောထားများအပြည့်နဲ့ ဆူးလမ်းများ နင်းဖြတ် ဘာဖြစ်ဖြစ်ပါကွယ် ခရီးများအဆုံးထိလျှောက် [Chorus] အဆိုးများကြုံကြိုက်တုန်းမှာ ဒုက္ခတွေဟာ ခဏပါ အနမ်းများကို အသက်သွင်းကာ  ခရီးများ အဆုံးထိလျှောက် လက်တွေ့ဟာ ရင်ဘတ်မှာ လမ်းဆုံးဟာ ခဏလေးပါ အနမ်းများကို အသက်သွင်းကာ ခရီးများ အဆုံးထိလျှောက် ခရီးများ အဆုံးထိလျှောက်  အူး ခရီးများ အဆုံးထိလျှောက် [Repeat Verse & Chorus]